ဆီဆိုင်မြို့ပတ်လမ်း (စိန်ပန်းလမ်း) အား အဆင့်မြှင့်တင်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဆီဆိုင်မြို့ပတ်လမ်း (စိန်ပန်းလမ်း) အား အဆင့်မြှင့်တင်သွားမည်

ခွန်ရဲထွေး (ဆီဆိုင်)

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ မြို့ပတ်လမ်း (စိန်ပန်းလမ်း) အား ကျောက်ခင်းလမ်းမှ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.


.

ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာန အနေဖြင့် မြို့တွင်း အဓိကလမ်းမကြီးများ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာ လှပေရေး၊ ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူစေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆင့် မြှင့်တင်မည့် မြို့ပတ်လမ်း (စိန်ပန်းလမ်း) အား အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းက မြို့နယ် ဆီဆိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဗွာထိုသွေး၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

.

အဆိုပါအဆင့်မြှင့်တင်ဆောင်ရွက်မည့် မြို့ပတ်လမ်း(စိန်ပန်းလမ်း)အား ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေ ကျပ် ၄၁ ဒသမ ၃၀ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေရှိကာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats