ဆီဆိုင်မြို့တွင် စရတ တပ်ဖွဲ့ဝင် အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်၍ တစ်ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 1, 2020

ဆီဆိုင်မြို့တွင် စရတ တပ်ဖွဲ့ဝင် အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်၍ တစ်ဦး ဒဏ်ရာရ

ဆီဆိုင်မြို့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ) တပ်ဖွဲ့ဝင် အချင်းချင်း စက်တင်ဘာလ ၃၀ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင်း တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.


 “ ဖြစ်တာကတော့ မှန်ပါတယ်။ ဒဏ်ရာက ဘယ်ဘက် လက်ကို နည်းနည်း ထိသွားတယ်။ အရေးယူတာကတော့ နယ်ဘက်ဆိုင်ရာက အရေးယူမှု မရှိပါဘူး၊ တပ်မတော်ဘက်ကနေ ယူသွားမှာပါ။” ဟု ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် တပ်ကြပ်ကြီး တစ်ဦး၏ လက်တွင် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ပေးရန်အတွက် ဆီဆိုင်ဆေးရုံမှတဆင့် တောင်ကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

အဆိုပါ တပ်ဖွဲ့ဝင် အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သူအား စစ်စည်းကမ်းအရ အရေးယူသွားမည်ဟုသာ သိရသော်လည်း ဖြစ်စဉ် အခြေအနေ အသေးစိတ်ကိုမူ သိရခြင်း မရှိသေးပေ။

No comments:

Post a Comment

Journal Download

Photo of three cats

About