.
“ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနဲ့အဖွဲ့က မဲရုံပစ္စည်းတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ လိုက်ပို့ပြီးတော့ အပြန်၊ မိုင်းပန် မရောက်ခင် ၁၀ မိုင်လောက် အကွာမှာ ဖြစ်တာ။ နေ့လယ် ၁ နာရီလောက်က ဖြစ်တာ။ ပန်တဝိဘက်က အပြန်မှာ ဖြစ်တာပေါ့။ ပစ်တဲ့ အဖွဲ့ကိုတော့ မသိသေးဘူး။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၏ ဘယ်ဘက်ပေါင်တွင် ထိမှန်၍ အရိုးကျိုး ဒဏ်ရာ၊ ဌာနခွဲစာရေး ဦးနေမင်းအောင်တွင် ဘယ်ခြေသလုံး၊ လက်သန်းနှင့် လက်သူကြွယ်တို့တွင် ထိမှန် ဒဏ်ရာများ ရရှိကာ လူနာများအား ဆေးကုသမှု ပေးရန်အတွက် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်နေလျက် ရှိကြောင်း ဦးနေလင်းထံမှ သိရသည်။
.
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်အား ဆက်သွယ် မေးမြန်းရာတွင် သေနတ်ဖြင့် အပစ်ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပေးခဲ့သည်။
.
No comments:
Post a Comment