ကျော်ဇေယျာလင်း
.
တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေရန်နှင့် မီးငြိမ်း သတ်ပုံများ သရုပ်ပြ ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ကျိုင်းလပ်မြို့ မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဟိန်းကျော်မိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ကျေးရွာ/ရပ်ကွက်များအတွင်း မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ရေယာဉ်များ အလွယ်တကူ ဝင်ထွက် သွားလာနိုင်စေရန် ရပ်ကွက်အတွင်း မီးသတ်ယာဉ်များ လှည့်ပတ်မောင်းနှင်ခြင်းနှင့် မီးများ အချိန်မီ ငြိမ်းသတ်နိုင်ရန် မီးငြိမ်းသတ်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
မီးဘေးအန္တာရာယ်များ ကျရောက်လာပါက မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ်များ ခက်ခဲ နှောင့်နှေးမှုမရှိဘဲ အလွယ်တကူ ဝင်ထွက်သွားလာ၍ အချိန်မီ မီး ငြိမ်းသတ်နိုင်စေရန်နှင့် ကျေးရွာ/ ရပ်ကွက်အတွင်း မီးဘေးအန္တာရာယ် လုံခြုံမှု ရှိစေရန် ရည်ရွယ်၍ ယင်းကဲ့သို့ သရုပ်ပြ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။