အေးသာယာတွင် ဖဲရိုက် လောင်းကစားသူများအား ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

အေးသာယာတွင် ဖဲရိုက် လောင်းကစားသူများအား ဖမ်းဆီး

ခွန်သန်းအောင်

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)တွင် အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၅ နာရီခွဲခန့်က ဖဲရိုက် လောင်းကစားပြုလုပ်နေသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.


 

အေးသာယာနယ်မြေ ရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်(၁၁)၊ ခရေလမ်း၊ အမှတ်(၉၈) နေအိမ်အား ဝင်ရောက် စစ်ဆေးစဉ် ဖဲရိုက် လောင်းကစားရာတွင် အသုံးပြုသည့်ငွေ ၇၃၀၅၀ ကျပ်နှင့်အတူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖဲရိုက် လောင်းကစား ပြုလုပ်သူများအား အေးသာယာနယ်မြေရဲစခန်းမှ (ပ)၁၂၅/၂၀၂၀၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About