ရှမ်းပြည်နယ်အတွင်း ခရီးသည်တင်ယာဉ်ဖြင့် ကုန်စည်ပို့ဆောင်ခွင့်အား ခွင့်ပြုကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 15, 2020

ရှမ်းပြည်နယ်အတွင်း ခရီးသည်တင်ယာဉ်ဖြင့် ကုန်စည်ပို့ဆောင်ခွင့်အား ခွင့်ပြုကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်း ကုန်စည် စီးဆင်းမှု လျင်မြန်ချောမွေ့ လွယ်ကူစေရန်အတွက် COVID-19 ကာလတွင် ခရီးသည် တင်ဆောင် ပြေးဆွဲခြင်း မရှိဘဲ ကုန်စည်သယ်ယူ ပို့ဆောင်လျက် ရှိသော တင်အား ၁၇ ဦးနှင့်အထက် ခရီးသည်တင် ယာဉ်များဖြင့် ကုန်စည်ပို့ဆောင်မှုကို ခွင့်ပြုကြောင်း ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့ (အောက်တိုဘာလ ၁၅ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

.



“ ခရီးသည် ပါလို့ မရဘူး၊ ခရီးသည် တင်ခွင့်ကို မရှိတာ။ ကုန်စည် စီးဆင်းမှုအတွက်က ကုန်စိမ်းကားတွေ ဒုက္ခရောက်နေတယ်ဆိုပြီး ပြောလို့ ကားသမားတွေလည်း အလုပ်အကိုင် အခွင့်အလမ်း ရအောင်လို့ ဆိုပြီး တောင်းဆိုတာကြောင့် စဉ်းစားပြီး ဖြေလျော့ ပေးတာပေါ့။ မည်သည့် ကုန်ပစ္စည်းမဆို တင်လို့ ရပါတယ်။ ခရီးသည်တော့ တင်လို့ မရပါဘူး။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် ယခင်က ထုတ်ပြန်ထားသော ရှမ်းပြည်နယ်အတွင်း မှန်လုံယာဉ်များဖြင့် ကုန်စည် ပို့ဆောင်ခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကိုလည်း ပယ်ဖျက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ရှမ်းပြည်နယ်အစိုးရအနေဖြင့် ညွှန်ကြားချက်များအား အချိန်နှင့် တပြေးညီ ပြင်ဆင် ဆောင်ရွက်နေရခြင်းမှာ ပြည်သူ့ဆန္ဒနှင့် အညီ ဆောင်ရွက်ရခြင်း၊ တိုင်းနှင့် ပြည်နယ်များအနက် ရှမ်းပြည်နယ်သည် ဧရိယာကျယ်ဝန်းသော်လည်း COVID-19 အား ထိန်းချုပ်နိုင်သည့် အတိုင်းအတာ ရှိနေသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးမှာ အရေးကြီး သကဲ့သို့ ကုန်စည် စီးဆင်းမှု ရပ် မသွားရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပျက်မသွားရန် ထိန်းသိမ်းခြင်း၊ ဖြေလျော့ခြင်းများ ဆောင်ရွက်နေရသည့်အတွက် ပြည်သူလူထုများ၊ ရှမ်းပြည်နယ်သူ/သားများ နားလည်ပေးပါရန်ကိုလည်း ဝန်ကြီး ဦးစိုးညွန့်လွင်က ဖြည့်စွက် ပြောကြားခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About