ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည့် ရပ်/ကျေးများ ပို တိုးလာဖွယ်ရှိဟု တပ်မတော် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည့် ရပ်/ကျေးများ ပို တိုးလာဖွယ်ရှိဟု တပ်မတော် ပြော

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်သည့် နယ်မြေများ ပို တိုးလာဖွယ်ရှိကြောင်း နေပြည်တော်တွင် ယနေ့ (အောက်တိုဘာ၂၄ ရက်) ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

.


 

ရခိုင်နဲ့ရှမ်း မှာ ထပ်မံပြီးတော့ လုံခြုံရေး ဆောင်ရွက်ရင် ရနိုင်ပါတယ် ဆိုပြီး တိုးဖို့ဟာကို ကော်မရှင်ထံမှာ တင်ပြထားတာ ရှိပါတယ်ဘယ်နေရာတွေတော့ မပြောနိုင်ဘူး၊ မြို့နယ် တစ်ခုလုံးတော့ မဟုတ်ဘူး၊  ရပ်ကွက်/ ကျေးရွာအဆင့်အနေနဲ့ လို့ ပြောချင်တယ်ကော်မရှင်က ဘယ်နေရာတွေ  ကျင်းပလို့ ရနိုင်သေးလဲ ဆိုပြီး လုံခြုံရေးဆိုင်ရာ အကြံပြုချက် ထပ်တောင်းတော့ ထပ်တိုးဖို့ ထပ်မံ အကြံပြုထားတာတွေက မကျင်းပဘူးလို့ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲက တချို့သော ကျေးရွာတွေ၊ ရပ်ကွက်တွေကို ထပ်မံ အကြံပြုပေးထားတာပါဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

.

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၁၉၇/၂၀၂၀)ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၆ ခုနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၄၁ ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းထုတ်ပြန်ချက်ပါ ရပ်ကွက်/ကျေးရွာအုပ်စု ၁၄၁ ခုအနက် အချို့ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

လုံခြုံရေးပိုင်းဆိုင်ရာအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိစေရေး၊ ခြိမ်းခြောက်မှု မခံရဘဲ မဲပေးပိုင်ခွင့် ရှိစေရေးတို့အတွက် သက်ဆိုင်ရာ ဆက်နွယ် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တပ်မတော်အနေဖြင့် အာမခံပြီး အဆိုပါနယ်မြေများအတွင်း တစ်ခုခု ဖြစ်ပါက တပ်မတော်သာ လက်ညှိုး ထိုးခံရမည်ဖြစ်သည့်အတွက် လုံခြုံရေးနှင့် ပတ်သက်ပြီး သုံးသပ်တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

.

မိုင်းကိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းခြင်းမှာ ယင်းမြို့နယ်အတွင်း၌ တိုက်ပွဲ မဖြစ်ပွားသော်လည်း စက်တင်ဘာ ၁၁ ရက်က RCSS အဖွဲ့၊ တပ်မဟာ(၁၉၈)တပ်ရင်း() တပ်ရင်းမှူး အိုက်ထွန်းက နောင်ဆန်ဖူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် အမာခံ ၃၅ ဦးကို ခေါ်တွေ့ပြီး ကျေးရွာအုပ်စုအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် လာရောက်ပါက လက်ခံခြင်း မပြုရန်နှင့် ကျေးရွာ အဝင်/အထွက်များကို ပိတ်ဆို့ရန် ပြောခဲ့သည့်အပြင် စက်တင်ဘာ ၁၄ ရက်တွင် အဆိုပါတပ်ဖွဲ့မှ တပ်စုမှူးအဆင့်ရှိ စိုင်းစံဝင်းက မိုင်းကိုင်၊ ဖောင်းမင်း‌ကျေးရွာဘက်မှ တာကန့်ကျေးရွာဘက်သို့ ဖြတ်သန်းသွားမည့် သူများကို COVID-19 အကြောင်းပြ တားဆီးပြီး ကပ်ပီးကျေးရွာမှ ဦးစိုင်းအောင်ခိုင်ကို စစ်ဆေးမှု ပြုလုပ်တားဆီးခဲ့ရာ ထွက်ပြေးရန် ပြုလုပ်သည်ဆိုပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားခဲ့ရကြောင်း၊ စက်တင်ဘာ ၁၉ ရက်တွင် တပ်စုမှူး အိုက်ပီး ဦးစီးသည့် အင်အား ၂၀ ဦးသည် မိုင်းကိုင်မြို့နယ်၊ နောင်ဆန်ဖူးကျေးရွာအဝင်တွင် မိုင်းကိုင်ဆေးရုံသို့ သွားရောက် ဆေးကုသမည့် နောင်ဆန်ဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သီလရှင် တစ်ဦးကို တားဆီးခဲ့ကြောင်း၊ ယင်းအပြင် တပ်ရင်း() တပ်ရင်းမှူး အိုက်ထွန်းက ရွေးကောက်ပွဲတွင် TNP ပါတီကို မိုင်းကိုင်မြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမည်မဟုတ်ဟု ပြောကြားခဲ့ခြင်းတို့ကြောင့် လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည် မဟုတ်ဟု သုံးသပ်တင်ပြခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

.

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တပ်မတော်မှ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ပေးပို့ရာတွင် မြို့နယ်ပေါင်း ၃၃၀ အနက် လုံခြုံစွာ မဲပေးနိုင်ကြောင်း အာမခံသည့်မြို့နယ် ၂၇၁ ခုနှင့် လုံခြုံရေး စီမံချက်ဆောင်ရွက်ပြီးမှ မဲပေးနိုင်မည့် မြို့နယ် ၂၀ ခု၊ လုံခြုံရေး အားနည်းချက်ကြောင့် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်း တင်ပြခဲ့သည့် မြို့နယ် ၃၉ ခုရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats