ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ဟု အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ အတွင်းရေးမှူး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ဟု အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ အတွင်းရေးမှူး ပြော

ကမ္ဘောဇတိုင်း

.

အာခါတိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်သည်ဟု အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအားလယ်က ပြောဆိုခဲ့သည်။

.

.

“ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာပါ။ လောလောဆယ်တော့ ဘာတွေ လုပ်ရမယ်ဆိုတာ စီစဉ်ထားတာ မရှိသေးပါဘူး။ ကိုယ်စားလှယ်တွေကလည်း ပထမဆုံးအကြိမ် ဝင်ပြိုင်တာ ဖြစ်လို့ပါ” ဟု ဦးအားလယ်က ပြောသည်။

.

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရှမ်းပြည်နယ်အတွင်း မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာနှင့် ရှမ်းပြည်နယ်လွှတ်တော် အာခါတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် တစ်နေရာ၊ စုစုပေါင်း ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အာခါတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းမှာ လက်ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

.

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ နိုင်ငံရေးပါတီမှတ်ပုံတင် ရရှိခဲ့ပြီး အာခါဈေးလမ်း၊ ဝန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့တွင် အခြေစိုက်ရုံး ဖွင့်လှစ်ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats