.
“ ပြည်သူသည် သူတို့ဟာ သူတို့ (မဲပေးရမည့်သူကို) သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ သူတို့ ရင်ထဲမှာ မဲ ပေးချင်တဲ့ဟာက ရှိနေပြီးသားပါ။ လူစုလူဝေး ဖြစ်အောင် လုပ်ဆောင်နေသလိုမျိုး ဖြစ်နေတယ်လို့ မြင်ပါတယ်။ ပြည်သူတွေက ဘယ်သူ့ကို ရွေးရမလဲဆိုတဲ့ သူတို့ ရင်ထဲမှာ ရှိထားပြီးသားပါ။ အခုဟာက အင်အားပြသလို ပုံစံ ဖြစ်နေတာ၊ မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ ပုံစံ မဖြစ်ဘဲနဲ့ လူအင်အားပြပြီး လူစုလူဝေး လုပ်ပြီးတော့မှ ရောဂါကို ပို ဖြစ်စေတဲ့ အနေအထား ဖြစ်လို့ စိတ်ပူမိတာပါ။”ဟု ရွေးကောက်ပွဲ စောင့်ကြည့်ရေးနှင့် COVID-19 ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ကမ္ဘောဇလူငယ်စာကြည့်တိုက်မှ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်မေနှင်းကျော်က ပြောသည်။
.
ထို့အပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် COVID-19 နှင့် ပတ်သက်သည့် အသိပညာပေးမှုများကို ထည့်သွင်းပြောကြားပေးရန် အတွက် ၎င်းက တိုက်တွန်းခဲ့သည်။
.
ကမ္ဘောဇလူငယ် စာကြည့်တိုက်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များနှင့် COVID-19 ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
.
အဆိုပါ ကမ္ဘောဇလူငယ် စာကြည့်တိုက်၏ ရွေးကောက်ပွဲ စောင့်ကြည့်ရေးနှင့် COVID-19 ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment