ဓနုဒေသအတွက် တာဝန်ကျေလိုသဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ခြင်းဖြစ်ကြောင်း အိုးစည်ပါတီမှ ကိုယ်စားလှယ်လောင်း ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

ဓနုဒေသအတွက် တာဝန်ကျေလိုသဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ခြင်းဖြစ်ကြောင်း အိုးစည်ပါတီမှ ကိုယ်စားလှယ်လောင်း ပြော

စုလှိုင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် တာဝန်ကျေလိုခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(အိုးစည်ပါတီ)မှ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉)တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမင်းလွင်ဦးက ပြောဆိုခဲ့သည်။

.


.

“လူထုရဲ့ ကံကြမ္မာဟာ လွှတ်တော်ထဲမှာ ရှိတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူထု တစ်ရပ်လုံးရဲ့ ကံကြမ္မာဟာ လွှတ်တော်ကိုယ်စားလှယ် အပေါ်မှာပဲ ရှိပါတယ်။ ၂၀၁၀-၂၀၁၅ နဲ့ ၂၀၁၅-၂၀၂၀ နိုင်ငံရေး အခင်းအကျင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဝတ္တရားတွေ အပြည့်အဝ တာဝန်ကျေတယ်လို့ မခံယူဘူး။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ကျေချင်တယ်။ အထူးသဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို တာဝန်ကျေချင်တဲ့ အတွက် ရွေးကောက်ပွဲ ဝင်တာဖြစ်ပါတယ်” ဟု ဦးမင်းလွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်များရှိ မဲဆန္ဒနယ် ၁၂ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနည်းဆုံး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၅ နေရာ အနိုင်ရရှိမည်ဟု မျှော်မှန်း ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပါတီမှတ်ပုံတင်အမှတ် (၅၇) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားသည့် နိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလက ကိုယ်စားလှယ်လောင်း ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About