စိုင်းသိင်္ခသူ
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင်
COVID-19 ရောဂါကာလက စီးပွားရေးကုစားမှုအစီအစဉ်
CERP အရ အသက် ၈၀ နှစ် ပြည့်ပြီး သက်ကြီးရွယ်အိုများအား ယနေ့ အောက်တိုဘာလ
၇ ရက်က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင်
အသက် ၈၀ မှ ၈၅ နှစ်ကြား သက်ကြီးရွယ်အို များအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ စီကို
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊
မြို့နယ် လူမှုဝန်ထမ်းရုံးမှာ တာဝန်ရှိသူများက အဘိုးအဘွားများအား လက်ဝယ်အရောက် သွားရောက်ထောက်ပံ့
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“အရင်က အဖိုးအဖွားတွေ
အသက် ၈၅ နှစ်ပြည့်မှ ထောက်ပံ့ကြေး ရတာပါ။ အခု အသက် ၈၀ ပြည့်ကို CERP အစီအစဉ် အရ ပထမဆုံးပေးတာပါ” ဟု မိုင်းပန်မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယနေ့ ထောက်ပံ့မှုတွင်
မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စုများမှ အဖိုး
၄၁ ဦး၊ အဖွား ၅၁ ဦး၊ စုစုပေါင်း ၉၂ ဦး တို့ကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်
စုစုပေါင်း ငွေကျပ် ၂၇၆၀၀၀၀ အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment