အေးသာယာမြို့မှ ယာဉ်နောက်လိုက်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

အေးသာယာမြို့မှ ယာဉ်နောက်လိုက်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ်၊ ရေးယားကျေးရွာအနီးတွင် Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား COVID-19 ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့ အောက်တိုဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက အေးသာယာမြို့မှ ယာဉ်နောက်လိုက်တစ်ဦးထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်ဟု သိရသည်။

.

.

“သူကအေးသာယာကနေ ဆင်းတာတော့ မဟုတ်ဘူး။ ရေယားဘက်မှ စစ်ပေးနေတယ်ကြားတော့ သူနဲ့ ယာဉ်မောင်းက ဒီကနေ သွားပြီး စစ်လိုက်တာ။ တခြားကို သွားမယ့် ဟာတော့ မဟုတ်ဘူး။ စစ်ချင်လို့ သွားစစ်လိုက်တာ။ အဲဒီမှာ Postive တွေ့သွားတာ” ဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်း သို့ပြောသည်။

.

အဆိုပါ ယာဉ်နောက်လိုက်သည် မကွေးတိုင်းဒေသကြီး ဇာတိဖြစ်ပြီး ကုန်တင်ယာဉ်နောက်လိုက်အဖြစ် လုပ်ကိုင်ရာမှ အေးသာယာတွင် နေထိုင်ခဲ့ကာ ၎င်းနှင့် ထိတွေ့ခဲ့သူ ယာဉ်မောင်းနှင့် ကားဂိတ်ရှိ ၇ ဦးတို့ကိုလည်း Quarantine ထားရှိ ထားကာ အောက်တိုဘာလ ၅ ရက်တွင် ဓါတ်ခွဲနမူနာများ ရယူ၍ တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်း (PHL) သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်၏ ဝင်ထွက်ပေါက်များဖြစ်သော ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်မြို့တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit စုစုပေါင်း ၃၀၀၀ ဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About