နမ္မတူမြို့နယ်မှ COVID-19 လူနာ ဆေးရုံ ဆင်းခွင့် ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

နမ္မတူမြို့နယ်မှ COVID-19 လူနာ ဆေးရုံ ဆင်းခွင့် ရ

စောဦး(ရတနာမြေ)

.

နမ္မတူမြို့နယ်ရှိ ပထမဦးဆုံး COVID-19 ပိုးတွေ အတည်ပြုလူနာကို အောက်တိုဘာလ ၂၇ ရက်နံနက်ပိုင်းတွင် ဆေးရုံ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

.


အဆိုပါ အတည်ပြုလူနာသည် အသက် ၂၀ အရွယ် အမျိုးသမီး ဖြစ်ကာ အောက်တိုဘာလ ၈ ရက်က မန္တလေးတိုင်းဒေသကြီးမှ နမ္မတူမြို့နယ်သို့ ပြန်လာသူ ဖြစ်ပြီး Quarantine Center တွင် အသွားအလာ ကန့်သတ်ထားပြီးနောက် ဓါတ်ခွဲနမူနာအား ရယူ၍ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့စစ်ဆေးစဉ် အောက်တိုဘာလ ၁၆ ရက်မှာ COVID-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် ထံမှ သိရသည်။

.

နမ္မတူမြို့နယ်တွင် COVID-19 လူနာ တစ်ဦးသာ ရှိပြီး ယင်းလူနာမှာလည်း ဆေးရုံ ဆင်းခွင့် ရရှိပြီ ဖြစ်သောကြောင့် နမ္မတူမြို့နယ်တွင် COVID-19 အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About