ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ COVID-19 စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဓါတ်ခွဲနမူနာများအား Rapid Test Kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)၊ ညနေပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
.
အဆိုပါ COVID -19 ပိုး တွေ့ရှိသူမှာ မိတ္ထီလာမြို့နေ အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မိတ္ထီလာမြို့မှ အောင်ပန်းမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်၏ ယာဉ်နောက်လိုက် ဖြစ်ကာ ၎င်းအား ကလောမြို့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေပြီ ဖြစ်ကာ ထိတွေ့မှု ရှိသော ယာဉ်မောင်းအား Quarantine Center သို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
နန့်ပန်တက်ကျေးရွာရှိ COVID-19 စစ်ဆေးရေးဂိတ်၌ ယနေ့ နေ့လယ်ပိုင်းတွင်လည်း အောင်ပန်းမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ပျော်ဘွယ်မြို့နေ အသက် ၂၀ အရွယ် ယာဉ်နောက်လိုက် အမျိုးသားထံတွင် COVID-19 ပိုး တွေ့ခဲ့သဖြင့် ကလောဆေးရုံတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
No comments:
Post a Comment