နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၂ ခု၌ အခြေခံစားသောက်ကုန် ၃ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၂ ခု၌ အခြေခံစားသောက်ကုန် ၃ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

စောဦး (ရတနာမြေ)

.

ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)မှ နမ္မတူမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၂ ခုတွင် အောက်တို ဘာလ ၁၂ ရက်၊ ညနေပိုင်းက အခြေခံစားသောက်ကုန် ၃ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးပစ္စည်း ၄ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

.


.

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)ကိုယ်စား နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာဝန်ရှိသူများက ကြူဆော့နှင့် လီဆူး တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ထောက်ပံ့မှုတွင် ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၇၄ ဦးတို့အတွက် ဆန် ၆ ပြည်အိတ် ၂၇၀ အိတ်၊ ဆီ ၅၀ ကျပ်သားဘူး ၂၇၀၊ ဆား ၂၅ ကျပ်သား ၂၇၀ ထုတ်၊ နှာခေါင်းစည်း (Mask) ၃၀၈၀၀ ခု၊  Hand-Gel (50ml) ၂၃၁ ဘူး၊ Face Shield ၃၈၅ ခုနှင့် လက်ဆေးဆပ်ပြာခဲ ၃၈၅ ခဲအား လည်းကောင်း၊ လီဆူး (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ ၁၂၆ ဦးတို့အတွက် ဆန် ၆ ပြည်အိတ် ၁၂၆ အိတ်၊ ဆီ ၅၀ ကျပ်သားဘူး ၁၂၆ ဘူး၊ ဆား ၂၅ ကျပ်သား ၁၂၆ ထုတ်၊ နှာခေါင်းစည်း (Mask) ၁၄၀၀ ခု၊  Hand-Gel (50ml) ၁၁၁ ဘူး၊ Face Shield ၁၇၅ ခုနှင့် လက်ဆေးဆပ်ပြာခဲ ၁၈၅ ခဲအား လည်းကောင်း ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About