.
ကလောမြို့ အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ အောက်တိုဘာလ ၂၃ ရက်တွင် ကုန်တင်ယာဉ် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID - 19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ စစ်တာ Postive တစ်ဦး တွေ့တယ်။ သူ့ကို ကလော ဆေးရုံကို ပို့ထားတယ်။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုး တွေ့ရှိခဲ့သော ယာဉ်နောက်လိုက်မှာ မကွေးမြို့နေ အသက် ၆၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အေးသာယာမြို့မှ ရန်ကုန်မြို့သို့ ကုန်တင်ယာဉ်ဖြင့် သွားရောက်ရန်အတွက် ကလောမြို့ အဝင်ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဓါတ်ခွဲနမူနာ စစ်ဆေးမှု ခံယူစဉ် COVID – 19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအား ကလောဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေပြီး ၎င်းနှင့် အတူ ပါလာသော ယာဉ်မောင်းကို ကလောမြို့ Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။
.