မိုင်းထွန်း
.
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည့်
အသက် ၂၂ နှစ်အရွယ် COVID-19 အတည်ပြုလူနာ (Case-20036) သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း
သိရသည်။
.
.
အဆိုပါ အတည်ပြုလူနာ (Case-20036) သည် သတ်မှတ်ရက်အတွင်း
ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခြင်းဖြစ်ပြီး
၎င်းအနေဖြင့် နေအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေထိုင်
ရမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းလူနာသည် အောက်တိုဘာ ၄ ရက်က ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ ကုန်တင်ယာဉ် စစ်ဆေးရေးဂိတ်
အနီးတွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို COVID-19 ရောဂါ ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး
ပေးရာမှ ပိုးတွေ့ရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊
မိတ္ထီလာမြို့နယ်နေ ယာဉ်နောက်လိုက်တစ်ဦး ဖြစ်ပြီး ၎င်း၏ ဓါတ်ခွဲနမူနာ ကို သက်ဆိုင်ရာသို့
ထပ်မံပေးပို့စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်တွင် အတည်ပြုလူနာအဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
ဆေးရုံဆင်းခွင့်ရရှိခဲ့သည့် အတည်ပြုလူနာ (Case-20036) အား ၎င်း၏နေရပ်ဖြစ်သည့် မိတ္ထီလာမြို့နယ်သို့ ကျောက်မဲမြို့ COVID-19
လူနာသယ်ဆောင်ရေး 5
STAR အဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပြီး ပို့ဆောင်စရိတ် အဖြစ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ငွေကျပ် တစ်သိန်းခွဲ လှူဒါန်း ခဲ့ကြောင်း
သိရသည်။
.
အလားတူ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင်
တက်ရောက်ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာများအနက် ၁၃ ဦးသည်လည်း ယနေ့
အောက်တိုဘာလ ၁၇ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment