COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၀၁၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၁၀ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ၁ ဦးတွင် ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
ယင်းလူနာမှာ တောင်ကြီးမြို့၊ အထက(၅) Quarantine Center ၌ အသွားအလာ ကန့်သတ်ထားသည့် အမျိုးသား ဖြစ်ကြောင်း သိရသည်။
" အထက(၅)က Quarantine ဝင်နေသူပါ။ မနေ့က ၂ ယောက်လိုပဲ ရန်ကုန်က လာတာ။ သူတို့က ၁၁ ယောက် ပြန်လာပြီး တောင်ကြီး ရောက်တာနဲ့ Quarantine တန်း ဝင်တာ။ အဲဒီထဲကမှ မနေ့က ၂ ယောက်၊ ဒီနေ့ ၁ ယောက်မှာ ပိုး တွေ့တာပါ။ "ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၂၄၄၅ ဦး ရှိကာ၊ ယင်းအနက် ၅၃၅ ဦး သေဆုံး၍ ၆၃၆၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment