ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဟန်မြင့်မိုရ် - ရွာငံလမ်းမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ယာဉ်ပေါ်ပါသူများအား Rapid Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့မှ မြို့ကြီးကျေးရွာသို့ ကုန် လာရောက်တင်ဆောင်သည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ အောက်တိုဘာလ ၁၅ ရက်၊ နံနက်တွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
“ ပိုး တွေ့တာ ဟုတ်ပါတယ်၊ စဝ်စံထွန်းဆေးရုံကို ပို့လိုက်ပါပြီ။ ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဘာလက္ခဏာမှ ရှိမနေဘူး။ သူ့ ကားဆရာ တစ်ယောက်ပဲ ထိတွေ့မှု ရှိမယ်၊ သူ့ကို (ယာဉ်မောင်း) မြို့ကြီးမှာပဲ Quarantine ထား ထားတယ်။” ဟု ရွာငံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ခွန်ဝင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာမှာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နေ အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်းနှင့် ၎င်းနှင့် ထိတွေ့မှုရှိသည့် ယာဉ်မောင်းအား မြို့ကြီးကျေးရွာတွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
No comments:
Post a Comment