ကမ္ဘောဇတိုင်း
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီး
စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လာသည့် ယာဉ်များမှ
ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူ များအား COVID-19 ရောဂါ ပိုးရှိ/မရှိ
စစ်ဆေးပေးနေစဉ် ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်း တစ်ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ စစ်ဆေးနေစဉ် အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က
မန္တလေးတိုင်းဒေသကြီး၊ တပ်ကုန်း မြို့နယ်နေ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်အား
ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်း တွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းကားပေါ်တွင်
လမ်းကြုံလိုက်လာသူ ညောင်ရွှေမြို့နယ်နေ အမျိုးသား တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း မရှိကြောင်း
သိရသည်။
.
သို့ဖြစ်၍ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့်
ယာဉ်မောင်း အမျိုးသားအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး
ရောဂါပိုး မတွေ့ရှိသည့် အတူပါလာသူကို မြို့ကြီးဆေးရုံတွင် Quarantine ထားရှိ
သွားမည်ဖြစ်ကြောင်း သိရသည်။
.