COVID-19 အတည်ပြုလူနာ အသစ် ၁၄၀၀ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်း​တောင်မှ ၁၂ ဦး ပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 7, 2020

COVID-19 အတည်ပြုလူနာ အသစ် ၁၄၀၀ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်း​တောင်မှ ၁၂ ဦး ပါ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၄၀၀ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​အောက်တိုဘာလ ၇ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၂၈၀ ခုအနက် ရှမ်းပြည်နယ်​တောင်ပိုင်းမှ  ၁၂ ဦးတွင် ပိုး တွေ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။

.

ယင်းလူနာများမှာ က​လောမှ ၁ ဦး၊ ​အောင်ပန်းမှ ၁ ဦး၊ ​အေးသာယာမှ ၃ ဦး၊ ရပ်​စောက်မှ ၅ ဦး၊ ​တောင်ကြီးမှ ၂ ဦးတို့ ဖြစ်​ကြောင်း သိရသည်။

.

" အားလုံး​ပေါင်း ၁၂ ​ယောက် ​တွေ့တယ်။ က​လောက ၁ ​ယောက်နဲ့ ​အေးသာယာက ၃ ​ယောက်က အရင် positive လူနာ​တွေနဲ့ contact ရှိလို့ စစ်လိုက်တာ။ ကျန်တဲ့ ၈ ​ယောက်က ရန်ကုန်ပြန်​တွေ ဖြစ်လို့ Quarantine ထား စစ်တာပါ။ ​အေးသာယာ လူနာ ၃ ​ယောက်ထဲက ၂ ​ယောက်က​တော့ ​တောင်ကြီးမြို့​ပေါ်က ဆိုင်​တွေကို ကုန်ပစ္စည်း​တွေ လိုက်ပို့ခဲ့တာ ရှိလို့ အ​သေးစိတ် လိုက် စိစစ်နေတုန်းပဲ။"ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ဇဝနကိုက က​မ္ဘောဇတိုင်းသို့ ​ပြောသည်။

.

ယင်း လူနာများမှာ လက်ရှိတွင် ကျန်းမာ​ရေး ​ကောင်းမွန်​နေလျက် ရှိပြီး တောင်ကြီးမြို့၊ စဝ်စံထွန်း ​ဆေးရုံသို့ ပို့​​ဆောင်၍ ​ဆေးကုသမှု ​ပေး​မည် ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​အောက်တိုဘာလ ၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၁၄၃၃ ဦး ရှိကာ၊ ယင်းအနက် ၅၁၀ ဦး သေဆုံး၍ ၆၀၈၄ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About