မင်းဇော်မင်း
.
မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့လူနာအမှတ် (၃၀၀၆၈)သည် ပြန်လည် သက်သာလာပြီ ဖြစ်သဖြင့် အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ Home Quarantine ဆက်လက် နေထိုင်လျက်ရှိကြောင်း သိရသည်။
.
ယင်းလူနာသည် အောက်တိုဘာ ၁၂ ရက်က တောင်ကြီးမှ မိုင်းတုံသို့ ပြန်လည် ဝင်ရောက်လာသည့် ရှမ်းမင်းသားယာဉ်လိုင်းမှ ယာဉ်မောင်း ဖြစ်ပြီး ၎င်း၏ ဓါတ်ခွဲနမူနာအား RDT ဖြင့် စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် မိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။
.
“ သူ့ရဲ့ secondary contact ၁၄ ယောက်ကိုတော့ တို့ဖတ်နမူနာ ဒီနေ့ပဲ ထပ်ယူပြီး ကျိုင်းတုံက တဆင့် တောင်ကြီးကို ပေးပို့သွားမှာ ဖြစ်ပါတယ်။” ဟု မိုင်းတုံဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အဆိုပါ ယာဉ်မောင်းနှင့် ထိတွေ့မှု ရှိ၍ COVID-19 ပိုးတွေ့ခဲ့သော မိုင်းဆတ်မှ လူနာမှာလည်း ဆေးရုံမှ ဆင်းခွင့် ရရှိ၍ Home Quarantine နေခွင့်ရရှိပြီ ဖြစ်သော်လည်း ၎င်း၏ ဓါတ်ခွဲနမူနာအား ရယူစဉ် ပိုးကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းမှာမူ ကျိုင်းတုံဆေးရုံတွင် ဆေး ကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment