စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့်
ယာဉ်နောက်လိုက် များအား Rapdi Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ် ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက
ယာဉ်မောင်းတစ်ဦးထံမှ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
“ပိုးတွေ့တာ ဟုတ်ပါတယ်။ ကားလိုင်းတော့ အတိအကျ မသိဘူး။ Express တစ်စီးပေါ့။
စစ်တော့ ဒါရိုင်ဘာ က Postive ထွက်တယ်။
သူရဲ့ စပါယ်ယာ က Negative ပါ။ အခု
ဒါရိုင်ဘာကို ကလောဆေးရုံ တင်ဖို့ သွားခေါ်နေပြီ။ စပါယ်ယာကိုတော့ Facilities Quarantine ပို့မယ်” ဟု
နန့်ပန်တတ် စစ်ဆေးရေးဂိတ် တာဝန်ကျ ဒေါက်တာ စောမြသစ္စာ က ကမ္ဘောဇတိုင်း
သို့ပြောသည်။
.
ရှမ်းပြည်နယ်သို့ဝင်ရောက်လာသည့် ယာဉ်များကို ကလောမြို့နယ်၊
နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် Repid
Test kit များဖြင့် စစ်ဆေးပေးနေပြီး ရှမ်းပြည်နယ်မှ အထွက်ကားများကို
မန္တလေးတိုင်းဒေသကြီး၊ ကျွဲတပ်ဆုံတွင် ကျန်းမာရေး စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“လောလောဆယ် Postive
တစ်ယောက်တွေ့တာ ဟုတ်ပါတယ်။ အေးသာယာကလို့ ပြောတယ်။” ဟု ကလောမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးခင်မင်း ကလည်း အတည်ပြုပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊
လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များအား Rapid
Test Kit များဖြင့် COVID-19 ပိုး
ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဓါတ်ခွဲနမူနာများ စစ်ဆေးပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment