ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့လူနာ တစ်ဦး ထပ်တွေ့သောကြောင့် စုစုပေါင်း လူနာ ၆ ဦး ရှိပြီ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့လူနာ တစ်ဦး ထပ်တွေ့သောကြောင့် စုစုပေါင်း လူနာ ၆ ဦး ရှိပြီ ဖြစ်

မိုင်းထွန်း

.

ကျောက်မဲမြို့ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသည့် အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးထံတွင် အောက်တိုဘာလ ၂၆ ရက်က COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် ကျောက်မဲမြို့နယ်၌ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

.


အဆိုပါ ပိုးတွေ့ လူနာသည် ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်းပေါင်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ဖူးသူ ဖြစ်ကာ အောက်တိုဘာ ရက်တွင် မူဆယ် ၁၀၅ မိုင်၌ RDT Antigen Test ဖြင့်  စစ်ဆေးစဉ် ပိုးမတွေ့ (Negative) အဖြေ ရရှိသောကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ပြီး ကျောက်မဲမြို့နယ်၊ ပန်းပေါင်းကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပြန်လည် ရောက်ရှိ၍ ရက်ခန့်နေထိုင်ခဲ့ပြီးနောက် ၂၃ ရက်မှ စတင်ကာ ကျောက်မဲမြို့ လက(၃) ရှိ Quarantine Center တွင် ဝင်ရောက်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

.

၎င်း၏ ဓါတ်ခွဲနမူနာများကို ရယူ၍ အောက်တိုဘာ ၂၆ ရက်က စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လူနာ၏ နေအိမ်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားကာ ၎င်းနှင့်ထိတွေ့ ခဲ့သူ ၁၀ ဦးအား ကျောက်မဲမြို့ လက(၃) ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ဦးမှာ ဆေးရုံဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats