နန်းပန်တတ် စစ်ဆေးရေးဂိတ်တွင် ယာဥ်နောက်လိုက်တစ်ဦးထံမှ COVID -19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 20, 2020

နန်းပန်တတ် စစ်ဆေးရေးဂိတ်တွင် ယာဥ်နောက်လိုက်တစ်ဦးထံမှ COVID -19 ပိုး တွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ် အဝင်တွင် Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိရာ ယနေ့ (အောက်တိုဘာလ ၂၀ ရက်)က ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်မံ တွေ့ရှိကြောင်း သိရသည်။

.

.

“စပါယ်ယာမှာ ပိုးတွေ့တာပါ။ ယာဉ်မောင်းကတော့ Negative ပဲ။ သူတို့က အောင်ပန်းကနေပြီးတော့မှ ပျော်ဘွယ်ကို သွားမှာ။ ပြဿနာက သူတို့က အောင်ပန်းမှာ ၃ ရက်နေခဲ့သေးတယ်။ အဲဒီအတွက် လိုက်နေတယ်။ ဟိုက်ဒရိုကွင်းထဲပဲ နေတယ်လို့ ပြောပါတယ်” ဟု နန်းပန်တတ် စစ်ဆေးရေးဂိတ် တွင် တာဝန်ယူ စစ်ဆေးနေသော ကလောမြို့နယ် ဆေးရုံမှ ဒေါက်တာ စောမြသစ္စာ မှ ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ယင်း COVID- 19 ပိုးတွေ့ရှိသော ယာဥ်နောက်အား ကလောမြို့နယ် ဆေးရုံ သို့ ပို့ဆောင်ပေးကုသပေးမည်ဖြစ်ပြီး ယာဥ်မောင်းအား Quarantine Center သို့ ပို့ဆောင်ထားပြီး ယာဥ်မောင်း အား ပြန်လည်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

“ယာဥ်နောက်လိုက် မှာ ပိုးတွေ့တာဟုတ်ပါတယ်။ ပျော်ဘွယ် သွားမှာပါ။ ၁၂ ဘီးယာဥ်ပါ ”ဟု ကလောမြို့နယ် အုပ်ချုပ်ရေး မှူး ဦးခင်မင်း ကလည်း ‌ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit များဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဓါတ်ခွဲနမူနာများ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats