ကျောက်မဲမြို့နယ်တွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 4, 2020

ကျောက်မဲမြို့နယ်တွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုးတွေ့

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ မိသားစုဝင်များအား Rapid test kit ဖြင့် အောက်တိုဘာ  ၃ ရက်က စ၍ စစ်ဆေးနေလျက် ရှိရာ ယနေ့(အောက်တိုဘာလ ၄ ရက်)၊ ညနေပိုင်းတွင်  ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။

.


 

အဆိုပါ Rapid test kit  ဖြင့် စစ်ဆေးချက် အဖြေအရ COVID-19 ပိုး တွေ့သူမှာ မိတ္ထီလာဘက်မှ လာသည့် ကုန်တင်ယာဉ် ယာဉ်နောက်လိုက် ဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၃ ရက်က ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် ၇၇ ဦး ၊ ယနေ့တွင် ၁၄ ဦးတို့ကို Rapid test kit အသုံးဖြင့် COVID-19  ပိုး ရှိ/မရှိ စစ်ဆေး‌ပေးနေခြင်း ဖြစ်ကာ ယင်းတို့အနက် တစ်ဦးတွင် ပိုး တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About