မင်းဇော်မင်း
မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံများအနက် တစ်ရက် (၂၄ နာရီ)အတွင်း သေဆုံးသူအသစ် (New Deaths) အဆင့် ၁၄ တွင် ရောက်ရှိနေကြောင်း Worldometer ၏ အောက်တိုဘာလ ၇ ရက်၊ ည ၁၁ နာရီက ဖော်ပြသည့် အချက်အလက်များအရ သိရသည်။
.
ထို့အတူ Worldometer ၏ တစ်ရက် (၂၄ နာရီ)အတွင်း ပိုးတွေ့လူနာအသစ် တွေ့ရှိမှု အချက်အလက်များတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အဆင့် ၂၃ တွင် ရှိနေသည်။
.
တစ်ရက် (၂၄ နာရီ)အတွင်း သေဆုံးသူ အများဆုံးနိုင်ငံမှာ မက္ကစီကို နိုင်ငံဖြစ်ကာ ၄၇၁ ဦး သေဆုံးခဲ့ပြီး ဒုတိအများဆုံး သေဆုံးသည့် နိုင်ငံမှာ အမေရိကန်နိုင်ငံ ဖြစ်၍ သေဆုံးသူ ၂၆၇ ဦး ရှိကြောင်းနှင့် တစ်ရက်အတွင်း လူနာအများဆုံး တွေ့ရှိသည့် နိုင်ငံမှာ အင်္ဂလန်နိုင်ငံ ဖြစ်ကာ ၁၄၁၆၂ ဦး တွေ့ရှိခဲ့ပြီး ဒုတိယ အများဆုံး တွေ့ရှိသည့် နိုင်ငံမှာ ရုရှားနိုင်ငံ ဖြစ်၍ လူနာ ၁၁၁၁၅ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၌ ယနေ့တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာအသစ် ၁၄၀၀ ဦးနှင့် သေဆုံးသူအသစ် ၃၉ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ အသစ် ၃၀၂ ရှိကြောင်းနှင့် အတည်ပြုလူနာ စုစုပေါင်း ၂၁၄၃၃ ဦး၊ သေဆုံးသူပေါင်း ၅၁၀ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၀၈၄ ဦး ရှိကြောင်း သိရသည်။
.
ကမ္ဘာ့နိုင်ငံပေါင်း ၂၁၆ နိုင်ငံတွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၃၆၁၆၁၈၄၉ ဦး ရှိကာ ယင်းအနက် သေဆုံးသူ ၁၀၅၆၄၁၉ ရှိ၍ ပြန်လည် သက်သာလာသူ ၂၇၂၁၉၉၁၅ ရှိကြောင်း သိရသည်။
No comments:
Post a Comment