စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့ အောက်တိုဘာလ
၂၈ ရက်၊ နံနက်ပိုင်းက ရန်ကုန် မြို့မှ လာရောက်သည့် ယာဉ်မောင်းတစ်ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“နန့်ပန်တက်ဂိတ်မှာ တွေ့တာပါ။ သူက တောင်ကြီးဇာတိပါ။ ဒါပေမဲ့
ရန်ကုန်ကို ရောက်နေတာ တစ်လ လောက်ရှိပြီတဲ့။ ကလောဆေးရုံကို ပို့မှာပါ။ Contact
တစ်ယောက် ပါတာကတော့ ကလောက Quarantine Center ကို ပို့မယ်”
ဟု နန့်ပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြသစ္စာက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ COVID- 19 ပိုးတွေ့လူနာ အမျိုးသားသည် အသက်
၅၀ အရွယ်ရှိ ရွှေကမ္ဘာ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးဖြစ်ပြီး
ကလောဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လာသည့်
ကားများကို ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် Repid Test kit များဖြင့်
COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနေပြီး ရှမ်းပြည်နယ်မှ အထွက်ကားများအား
မန္တလေးတိုင်းဒေသကြီး ကျွဲတပ်ဆုံတွင် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
.