မိုင်းထွန်း
.
ကျောက်မဲမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center ၌ ထားရှိသော ရန်ကုန်ပြန် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတွင် အောက်တိုဘာလ ၁၈ ရက်က COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် ကျောက်မဲမြို့၊ အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ခု၌ အလုပ် လုပ်ကိုင်ပြီးနောက် အခြား အမျိုးသမီး တစ်ဦးနှင့်အတူ အောက်တိုဘာလ ၉ ရက်တွင် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိ၍ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center တွင် နေထိုင်စဉ် ဓါတ်ခွဲနမူနာအား ရယူစစ်ဆေးရာ COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအား ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးနေပြီး ၎င်း၏ မိသားစုဝင် ၂ ဦးကို Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၄ ဦး ရှိပြီး ယင်းအနက် ၂ ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိပြီ ဖြစ်သည်။
.
No comments:
Post a Comment