ကလောမြို့နယ်၊ ရေယားကျေးရွာ၌ Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (အောက်တိုဘာလ ၃ ရက်)၊ ညပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ Rapid Test Kit ဖြင့် စစ်ဆေးနေစဉ် ယနေ့ နံနက်ပိုင်းက ၁ ဦး၊ နေ့လယ်ပိုင်းတွင် ၁ ဦး၊ ညပိုင်းတွင် ၁ ဦ၊ စုစုပေါင်း ၃ ဦးထံတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ နောက်ထပ် ၁ ယောက် တွေ့တာတော့ အတည်ပြုပါတယ်၊ ၃ ယောက် ရှိပါပြီ။” ဟုကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit စုစုပေါင်း ၃၀၀၀ ဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဓါတ်ခွဲနမူနာများ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment