ကလော ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 5, 2020

ကလော ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံမှ COVID-19 ပိုးတွေ့

 ခွန်သန်းအောင်

.

ကလောမြို့ အထွက် ကလော-သာစည်လမ်း ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့ အောက်တိုဘာလ ရက်၊ ညနေပိုင်းက ယာဉ်နောက် တစ်ဦးထံတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

“ သူက ကားနဲ့ လာတာ မဟုတ်ဘူး၊ ဂိတ်ကို အရင် လာပြီးတော့ ကြို အစစ်ခံတာ၊ အစစ်ခံတော့ Positive တွေ့တာပေါ့။ ကားက ကုန်စိမ်းကား ဟဲဟိုးမှာ ကုန် တင်နေတုန်းပဲ ရှိသေးတယ်။” ဟု စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

အဆိုပါ COVID-19 ပိုး တွေ့သူမှာ ရန်ကုန်သို့ ကုန်စိမ်း ပို့ဆောင်မည့် မော်တော်ယာဉ်၏ ယာဉ်မောင်း ဖြစ်ပြီး ရွှေညောင်မြို့တွင် နေထိုင်သူ ဖြစ်ကာ COVID-19 မရှိကြောင်း ထောက်ခံစာ ရယူရန် ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် ဓါတ်ခွဲ နမူနာ အစစ်ဆေး ခံယူစဉ် ပိုးတွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit များဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေး ဝန်ထမ်းများက ဓါတ်ခွဲ စစ်ဆေးပေးလျက်ရှိရာ ကလောမြို့နယ် စစ်ဆေးရေးဂိတ်တွင် COVID-19 ရောဂါပိုး တွေ့ရှိသူ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About