ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာ၌ Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (အောက်တိုဘာလ ၃ ရက်)၊ ညပိုင်းတွင် COVID-19 ပိုး ကူးစက်ခံထားရသူ ၃ ဦး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
.
“ ယာဥ်မောင်း ၂ ယောက်နဲ့ ယာဥ်နောက်လိုက် ၁ ယောက်မှာ ထပ်တွေ့တာ စုစုပေါင်း ၆ ယောက် ရှိပြီ။ ကျန်းမာရေးဝန်ထမ်းတွေ ထပ် စစ်နေသေးတယ်။ ” ဟု ယင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသည့် ဝက်ဖြူရေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
Rapid Test Kit ဖြင့် စစ်ဆေးနေစဉ် အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက ၁ ဦး၊ နေ့လယ်ပိုင်းတွင် ၁ ဦး၊ ညပိုင်းတွင် ၄ ဦး၊ စုစုပေါင်း ၆ ဦးထံတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။