COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၁၃၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာလ ၁၆ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၉၂ ခုအနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့၊ အောင်ပန်းမြို့နှင့် နမ့်စန်မြို့တို့မှ ၃ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
" ပင်းတယနဲ့ အောင်ပန်းက အမျိုးသား ၂ ဦးပါ၊ ဘာ contact မှ မရှိဘူး။ ၂ ယောက်လုံးက ရန်ကုန်ပြန်၊ Quarantine ဝင်နေသူတွေပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နမ့်စန်မြို့မှ လူနာ အမျိုးသမီးမှာ စက်တင်ဘာလ ၂၂ ရက်တွင် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် ဖောင်ကြီး COVID-19 Center တွင် ဆေးကုသမှု ခံယူ၍ ယခု ဒုတိယအကြိမ် ပိုး ထပ်မံ တွေ့ရှိခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၏ ထုတ်ပြန်ချက်အရ သိရသည်။
.
" နမ့်စန်လူနာက လူနာအသစ်တော့ မဟုတ်ဘူး၊ ရန်ကုန်ကနေ ပိုးတွေ့ပြီး ဆေးကုသပေးတယ်၊ ပြီးတော့ သက်သာလို့ Hotel Quarantine ထားတယ်၊ Swap ယူပြီး စစ်တော့ negative ထွက်လို့ ရောဂါပိုး ကင်းသွားပြီ ဆိုပြီး နမ့်စန်ကို ပြန်လာတာ။ နမ့်စန် ဆေးရုံမှာ Quarantine ထားလိုက်တယ်။ အဲဒီမှာ Swap ယူပြီး ထပ် စစ်လိုက်တော့ ပိုး ပြန်တွေ့တာပါ။ လောလောဆယ် လူနာက အသက်ရှူရတာ အဆင်မပြေလို့ တောင်ကြီး စဝ်စံထွန်းကို ပို့လိုက်ပြီ။ "ဟု နမ့်စန်မြို့နယ် COVID-19 Information မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (အောက်တိုဘာလ ၁၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၃၄၈၈ ဦး ရှိကာ၊ ယင်းအနက် ၇၉၉ ဦး သေဆုံး၍ ၁၅၄၇၇ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment