မိုင်းထွန်း
.
ကျောက်မဲမြို့နယ်အတွင်း၌ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၁၃၀ ကျော်၏ ဓါတ်ခွဲနမူနာများအား အောက်တိုဘာ ၁၀ ရက်က စစ်ဆေးစဉ် ဝန်ထမ်း တစ်ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ ပညာရေးဝန်ထမ်းမှာ ရန်ကုန်မြို့မှ လာရောက်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး သတ်မှတ် Quarantine Center ၌ အသွားအလာ ကန့်သတ်ထားစဉ် ဓါတ်ခွဲနမူနာအား ရယူစစ်ဆေးရာ ပိုးတွေ့ အဖြေ ထွက်ရှိခဲ့သဖြင့် ၎င်းအား ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်တွင် ရွေးကောက်ပွဲအတွက် လျာထားမဲရုံ ၁၁၁ ရုံရှိပြီး ယင်းမဲရုံများတွင် တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၁၃၅ ဦးကို တာဝန်ပေးရန် စီစဉ်ထားပြီး ယင်း ပညာရေးဝန်ထမ်းများအနက် COVID-19 လူနာ များသည့် ဒေသများမှ လာရောက်သူများကို သတ်မှတ် Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
No comments:
Post a Comment