ရွာငံမြို့နယ်၊ မြို့ကြီး အုပ်ချုပ်ရေးမှူးတွင် COVID-19 ပိုးတွေ့၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယာယီပိတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 30, 2020

ရွာငံမြို့နယ်၊ မြို့ကြီး အုပ်ချုပ်ရေးမှူးတွင် COVID-19 ပိုးတွေ့၍ ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယာယီပိတ်ထား

ခွန်သန်းအောင်

.

ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ COVID-19 ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေသည့် မြို့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွင် အောက်တိုဘာလ ၂၉ ရက်က COVID-19 ပိုး တွေ့၍ ယင်း စစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။

.


 

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွင် COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် ထိတွေ့ ဆက်စပ်မှု ရှိသူ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မိသားစုဝင်များအား Quarantine ထားရှိ၍ အသွားအလာ ကန့်သတ်ထားခြင်းကြောင့် ဂိတ် ဖြတ်သန်း သွားလာခွင့်အား ယာယီပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စစ်ဆေးရေးဂိတ်အား အောက်တိုဘာလ ၃၁ ရက်ထိ ပိတ်သိမ်းထားမည် ဖြစ်ကာ လူနာနှင့် ထိတွေ့ ဆက်စပ်မှု ရှိသူများ၏ ဓါတ်ခွဲနမူနာများကို နိုဝင်ဘာလ ၁ ရက်တွင် ရယူ၍ COVID-19 ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About