ကလောမြို့နယ်၊ ရေယားကျေးရွာ စစ်ဆေးရေးဂိတ်၌ ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်၊ ရေယားကျေးရွာ စစ်ဆေးရေးဂိတ်၌ ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်တွေ့

ကလောမြို့နယ်၊ ရေယားကျေးရွာ၌ Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (အောက်တိုဘာလ ၃ ရက်)၊ နေ့လယ်ပိုင်းတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး ထပ်မံ တွေ့ရှိကြောင်း သိရသည်။

.

ယင်းကဲ့သို့ Rapid Test Kit ဖြင့် စစ်ဆေးနေစဉ် ယနေ့ နံနက်ပိုင်းက ၁ ဦး၊ နေ့လယ်ပိုင်းတွင် ၁ ဦး၊ စုစုပေါင်း ၂ ဦးထံတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ နောက်ထပ် ၁ ယောက် ထပ်တွေ့တယ်၊ Express ကား ယာဉ်နောက်လိုက်လို့ သိရတယ်။ လူနာနဲ့ ပတ်သက်တဲ့ အခြေအနေကိုတော့ သူတို့ (သက်ဆိုင်ရာ တာဝန်ရှိသူများ) အလုပ် ရှုပ်နေကြတော့ မေးဖို့ အဆင်ပြေ မနေသေးဘူး။ တွေ့တာကတော့ အတည်ပြုလို့ ရပါတယ်။” ဟု စစ်ဆေးရေးဂိတ် အနီး၌ သတင်းရယူနေသော ကမ္ဘောဇတိုင်း သတင်းထောက်က ပြောသည်။

.


အဆိုပါ ယာဉ်နောက်လိုက် တစ်ဦးတွင် COVID-19 ပိုး ထပ်မံ တွေ့ရှိသည့် အခြေအနေနှင့် ပတ်သက်၍ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်းရာတွင် အချက်အလက်ကတော့ လတ်တလောတွင် အားလပ်ခြင်း မရှိသေး၍ ပြော၍ မရသေးဘဲ ထပ်မံ တွေ့ရှိသည်မှာ မှန်ကန်ကြောင်းကိုသာ အတည်ပြုပေးခဲ့သည်။

.

ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ ချင်းရွှေဟော်တို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit စုစုပေါင်း ၃၀၀၀ ဖြင့် COVID-19 ပိုး ရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဓါတ်ခွဲနမူနာများ စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats