စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက် COVID-19 စစ်ဆေးရေးဂိတ်တွင်
ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နံနက်ပိုင်း က ရခိုင်ပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့
လာရောက်သည့် ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
![]() |
Photo - Eagle White |
“ကားသမားပါပဲ။ Contact က ၂ ယောက်ပါ။
ကုန်ကားကြီးပါ။ Postive ဖြစ်တဲ့သူက ကလောဆေးရုံကို ပို့မယ်။ Contact က Quarantine
Center ထားမှာပါ။ Postive သမားကိုတော့ ထပ်မစစ်တော့ဘူ.။ Contact
တွေကို တော့ ထပ်စစ်မှာပါ။ သူတို့က ရခိုင်က လာတာပါ။ တောင်ကြီးကိုတက်မှာပါ” ဟု
နန့်ပန်တက် စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြသစ္စာက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ယာဥ်မောင်းသည် အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်ကြီးသို့ လာရောက်စဉ် နန့်ပန်တက်စစ်ဆေးရေးဂိတ်၌
Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှ
တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့အတူ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းကလည်း “အသက်
၃၅ နှစ်အရွယ် ယာဉ်မောင်း ပိုးတွေ့တာ ဟုတ်ပါတယ်” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လာသည့်
ကားများကို ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်မှ
အထွက်ကားများကို မန္တလေးတိုင်းဒေသကြီး၊ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင်လည်းကောင်း Rapid
Test Kit များဖြင့် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။
.