ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ယာဉ်နောက်လိုက်တစ်ဦးတွင် ယနေ့ အောက်တိုဘာလ
၂၇ ရက်၊ နံနက်ပိုင်းက COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်ဟု သိရသည်။
.
အေးသာယာမှ အခြားမြို့များသို့ ထွက်ခွာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက် များအား Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ် အဆိုပါ ယာဉ်နောက်လိုက် ထံမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကုန်ကားယာဉ်နောက်လိုက်ပါ။ တခြားဒေသကို ထွက်ဖို့ရှိလို့ သွားစစ်တော့ တွေ့တာပါ။
သူနဲ့ ထိတွေ့ခဲ့သူ ကတော့ ဂိတ်နဲ့ မိသားစု ၁၁ ယောက်လောက် ရှိပါတယ်။ အေးသာယာကပါပဲ” ဟု
ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း
အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များအား ကလောမြို့နယ်၊
နန့်ပန်တက် စစ်ဆေးဂိတ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များအား ကလောမြို့ အဝင်နှင့် အေးသာယာတွင် လည်းကောင်း Rapid Test Kit များဖြင့် COVID- 19 ရောဂါပိုး ရှိ/မရှိ ကို စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment