ရှမ်းပြည်နယ်အတွင်း၌ မတ်လ ၃၀ ရက်မှ အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာပေါင်း ၁၂၄ ဦး တွေ့ရှိထားပြီး ယင်းအနက် ၁ ဦး သေဆုံး၍ ၆၄ ဦးသည် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ၅၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
ယင်း ပိုးတွေ့အတည်ပြုလူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၇၈ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၃၇ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၉ ဦး၊ စုစုပေါင်း ၁၂၄ ဦး ဖြစ်သည်။
.
သေဆုံးလူနာမှာ တောင်ကြီးမြို့နေ COVID-19 လူနာအမှတ်(၆၉၁၆) ဖြစ်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသား ဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်က စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၅ ရက်၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၄၇၇၄ ဦး ရှိကာ၊ ယင်းအနက် ၁၀၉၅ ဦး သေဆုံး၍ ၂၄၉၂၀ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.