စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် စစ်ဆေးမှုများ
ပြုလုပ်နေလျက်ရှိရာ ယနေ့ (အောက်တိုဘာလ ၂၅ ရက်)၊ နံနက်ပိုင်းက ယာဉ်မောင်းတစ်ဦးထံမှ
COVID-19 ပိုး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
.
.“တစ်ယောက်တွေ့တာ ဟုတ်ပါတယ်။ ရန်ကုန်ကကားပါ။ ယာဉ်မောင်းပါ။
အသက်က ၂၉ နှစ်ပါ။ ရန်ကုန် ကနေ တောင်ကြီးကို သွားမလို့ပါ။ ကလောဆေးရုံမှာပဲ
ထားထားတယ်”ဟု နန့်ပန်တက် စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာ
စောမြသစ္စာ က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID- 19 ပိုး တွေ့ရှိခဲ့သော ယာဉ်မောင်းအမျိုးသားနှင့်အတူ
လိုက်ပါလာသူ ၄ ဦးရှိပြီး ၎င်းတို့ကို ကလောမြို့ရှိ Quarantine Center သို့
ပို့ဆောင်ထားကြောင်း သိရသည်။
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ၊ နန့်ပန်တက်
စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်များ Rapid Test Kit များစစ်ဆေးခဲ့ရာ
COVID -19 ပိုးတွေ့ရှိသူ စုစုပေါင်း ၂၀ ဦး ရှိပြီဖြစ်ပြီး ၉ ဦးမှာ
ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်၍ လက်ရှိ ကလောဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ ၁၀ ဦးရှိကာ
တစ်ဦး ကို တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.