စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ COVID-19
စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ အောက်တိုဘာလ
၂၄ ရက်က ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
.
.“အေးသာယာ ကနေ စစ်တာ ကုန်ကားသမား ၂ ယောက်ပေါ့။ ယာဉ်မောင်းနဲ့
ယာဉ်နောက်လိုက်ပါ။ တစ်ယောက်က အေးသာယာ၊ တစ်ယောက်က တောင်ကြီး ကံသာကပါ။ သူတို့ကို
စဝ်စံထွန်းမှာ ထားထားတယ်။ သူတို့နဲ့ ထိတွေ့ခဲ့တဲ့သူတွေကို လိုက်စုံစမ်းဆဲပဲ
ရှိပါသေးတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး
ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်း သို့ပြောသည်။
.
အေးသာယာတွင် Rapid Test Kit များဖြင့် စစ်ဆေးရာမှ
အသက် ၃၈ နှင့် ၁၈ နှစ် အရွယ် အမျိုးသား ၂ ဦး တွင် COVID- 19
ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းသို့ ဝင်ရောင်လာသော
ကုန်တင်မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကလောမြို့နယ်၊
နန့်ပန်တက် စစ်ဆေးဂိတ်တွင်လည်းကောင်း၊ ကလောမြို့ အဝင် တွင်လည်းကောင်း၊ အေးသာယာတွင်လည်းကောင်း
Rapid Test Kit များဖြင့် COVID- 19 ရောဂါပိုး
ရှိ/မရှိ ကို စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment