မိုင်းထွန်း
.
ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့ အတည်ပြု လူနာ တစ်ဦး အောက်တိုဘာလ ၂၂ ရက်က ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် မူဆယ်မြို့တွင် အောက်တိုဘာလ ၁၂ ရက်က COVID-19 ပိုး တွေ့ရှိခဲ့သော အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းနှင့် ထိတွေ့ခဲ့သူ ဖြစ်ပြီး ကျောက်မဲမြို့သို့ အောက်တိုဘာလ ၁၄ ရက်တွင် ပြန်လည်ရောက်ရှိ၍ Quarantine Center တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ၎င်း၏ ဓါတ်ခွဲ နမူနာကို ရယူပြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့စစ်ဆေးခဲ့ရာ ပို့တွေ့ အဖြေ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ပိုးတွေ့အတည်ပြုလူနာအား ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးနေပြီး ၎င်း၏ မိသားစုဝင်များကိုလည်း နေအိမ်၌ အသွားအလာ ကန့်သတ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့တွင် COVID-19 ပိုးတွေ့အတည်ပြု လူနာ စုစုပေါင်း ၅ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment