.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် စစ်ဆေးနေစဉ် အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းက အေးသာယာသို့ သွားရောက်မည့် ယာဉ်နောက်လိုက် တစ်ဦးထံတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ရှိခဲ့သူမှာ မြဝတီမြို့နေ အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ရန်ကုန်မြို့မှ အေးသာယာမြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက်ဖြစ်ကြောင်း သိရသည်။
.
လူနာအား ကလောဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေပြီ ဖြစ်ကာ ၎င်းနှင့် ယာဉ်ပေါ်အတူ ပါလာသည့် ယာဉ်မောင်းအား ကလောမြို့ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
No comments:
Post a Comment