အောင်ပန်းမြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးထံမှ COVID- 19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 21, 2020

အောင်ပန်းမြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသမီးထံမှ COVID- 19 ပိုးတွေ့

ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၌ ဆေးကုသမှု ခံယူနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတွင် အောက်တိုဘာလ ၂၀ ရက်က COVID - 19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.


 

“ စစ်တပ်ထဲမှာ တွေ့တာ။ အောင်ပန်း စစ်ဆေးရုံက၊ အခုက ရွာမှာ သူနဲ့ စကားပြောခဲ့တာကို လိုက်ကြည့်တော့ ၁၄ ယောက်လောက် ရှိတယ်၊ သီးသန့် ခွဲခိုင်းထားတာ။ ရွာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတာ ဖြစ်တာကြောင့် ခုလောလောဆယ် ရွာက လူတွေ အကုန်လုံးကို Stay Home လုပ်ထားတာပေါ့။ ဓာတ်ခွဲနမူနာကို ဒီနေ့ ယူပါမယ်။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ လူနာမှာ တပ်မတော်သား တစ်ဦး၏ ဇနီးဖြစ်ပြီး လွန်ခဲ့သည့် တစ်လခန့်က မီးဖွားခွင့်ဖြင့် ကလောမြို့နယ်၊ မြင်းမထိကျေးရွာရှိ မိဘများနေအိမ်တွင် နေထိုင်ပြီးနောက် အောက်တိုဘာလ ၁၈ ရက်တွင် အောင်ပန်းမြို့ တပ်မတော်ဆေးရုံသို့ တက်ရောက်၍ မီးဖွားကာ ၎င်း၏ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း COVID-19 ပိုးတွေ့လူနာ၏ မြင်းမထိကျေးရွာနေ မိသားစုဝင်များအား အောင်ပန်း တပ်မတော်ဆေးရုံသို့ ခေါ်ဆောင်၍ အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကာ မြင်းမထိကျေးရွာနေ ထိတွေ့ ဆက်စပ်မှု ရှိသူများ၏ ဓါတ်ခွဲနမူနာများအား ရယူ၍ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats