COVID-19 အတည်ပြုလူနာ အသစ် ၁၁၄၂ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်း​တောင်မှ ၃ ဦးပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၁၁၄၂ ဦး ထပ်မံ တွေ့ရှိ၊ ရှမ်း​တောင်မှ ၃ ဦးပါ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၁၄၂ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​အောက်တိုဘာလ ၂ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.
ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၀၂ ခုအနက် ရှမ်းပြည်နယ် ​တောင်ပိုင်းမှ ၃ ဦးတွင် COVID-19 ပိုး တွေ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.



" ပင်းတယ ၁ ​ယောက်၊ ​အေးသာယာ ၁ ​ယောက်၊ ​အောင်ပန်း ၁ ​ယောက်မှာ ပိုး​တွေ့တယ်။ ပင်းတယနဲ့ ​အောင်ပန်းက ရန်ကုန်ပြန်၊ ​အေးသာယာက​တော့ ကုန်ကား​နောက်လိုက်၊ ရန်ကုန်ကိုလည်း သွားဖူးတယ်။ ၃ ​ယောက်လုံးက Quarantine ဝင်​နေသူ​တွေပါ။ ​အေးသာယာ ၁ ​ယောက်​က​တော့ ​ရောက်​ရောက်ချင်း သူ့အိမ် ​အေးသာယာမှာ ​နေပြီး အနံ့​ပျောက်လို့ ၃၀ ရက်မှာ Quarantine ထည့်လိုက်တာ၊ သူ့မိသားစုရယ်၊ သူ့ကားသမား contact ​တွေ နည်းနည်း​တော့ ရှိမယ်။ ​အောင်ပန်းက ၁ ​ယောက်က​တော့ ​ရောက်​ရောက်ချင်း Quarantine တန်း ဝင်​တော့ contact မရှိဘူး၊ ပင်းတယ ၁ ​ယောက်ကလည်း အရင်လူနာနဲ့ ရန်ကုန်က ပြန်လာပြီး​တော့ Quarantine ဝင်​နေသူ ဖြစ်ပါတယ်။ ပင်းတယနဲ့ ​အေးသာယာက အမျိုးသား၊ ​အောင်ပန်းက အမျိုးသမီး ဖြစ်ပါတယ်။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ဇဝနကိုက က​​မ္ဘောဇတိုင်းသို့​ပြောသည်။
.
ယင်း လူနာများမှာ ကျန်းမာ​ရေး ​ကောင်းမွန်​နေပြီး ​တောင်ကြီးမြို့၊ စဝ်စံထွန်း ​ဆေးရုံသို့ ပို့​ဆောင်၍ ​ဆေးကုသမှု ​ပေးမည် ဖြစ်​ကြောင်း သိရသည်။
.
အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာများအနက် ၁၁၄၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​အောက်တိုဘာလ ၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၅၅၂၅ ဦး ရှိကာ၊ ယင်းအနက် ၃၅၃ ဦး သေဆုံး၍ ၄၃၇၈ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။
.
#KBZTai  #Shan  #COVID19
.

Journal Download

Photo of three cats