ကမ္ဘောဇတိုင်း
.
မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း
၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
.
.
“ကျန်းမာရေးကြီးကြပ်-၂ တစ်ယောက်၊ ဓါတ်ခွဲကျွမ်းကျင် တစ်ယောက်ပါ။
သူတို့ ၂ ယောက်လုံးက နည်းနည်းဖျားပြီး နှာစေးလို့ စစ်ကြည့်လိုက်တာ ဖြစ်ပါတယ်။ သူတို့နဲ့
ထိတွေ့ခဲ့တဲ့ထဲက အနီးကပ်ဆုံး Contact တွေကတော့ Hospital Quarantine
ထားပြီး ဓါတ်ခွဲစစ်ဆေးမှုတွေ ဆက်ပြီး လုပ်သွားမှာပါ” ဟု မူဆယ်ပြည်သူ့ဆေးရုံမှ
ဒေါက်တာ ဟန်နိုင်စိုး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူဆယ်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများအား အောက်တိုဘာလ ၁၈ ရက်၊ ညပိုင်းက
COVID-19
ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ရာ ယင်း ဝန်ထမ်း ၂ ဦးတွင် ရောဂါပိုး
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မူဆယ်ပြည်သူ့ဆေးရုံတွင် အဆိုပါ ကျန်းမာရေးဝန်ထမ်း ၂ ဦး အပါအဝင်
COVID-19
ရောဂါ အတည်ပြုလူနာ ၁၁ ဦး တို့အား ဆေးကုသမှုပေးလျက်ရှိပြီး လူနာအားလုံး
ကျန်းမာရေး ကောင်းမွန်ကာ အထူးစောင့်ကြပ်ကြည့်ရှုရမည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
.
No comments:
Post a Comment