မူဆယ် ကျင်စန်းကျော့တွင် တို့ဖတ်နမူနာရယူပြီး အဖြေမရမီ မောင်နှင်သွားသည့် ကုန်တင်ယာဉ် ၂ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃ ဦး၌ COVID-19 ပိုးတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 18, 2020

မူဆယ် ကျင်စန်းကျော့တွင် တို့ဖတ်နမူနာရယူပြီး အဖြေမရမီ မောင်နှင်သွားသည့် ကုန်တင်ယာဉ် ၂ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃ ဦး၌ COVID-19 ပိုးတွေ့ရှိ

မင်းဇော်မင်း

.

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက COVID-19 ရောဂါ စစ်ဆေးရန်အတွက် တို့ဖတ်နမူနာ ရယူပြီး အဖြေ မရမီ မောင်းနှင်သွားသည့် ကုန်တင်ယာဉ် ၂ စီးမှ ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသည့်အတွက် ယင်းနေ့ည ၁၀ နာရီခန့်က နောင်ချိုမြို့အဝင်တွင် တားဆီးကာ နောင်ချိုဆေးရုံသို့ ပို့‌ဆောင်ခဲ့ကြောင်း သိရသည်။

.

ဓါတ်ပုံ - ဖြူစင်မေတ္တာ လူမှုရေးအသင်း

.

“ညက မြို့အဝင် တိုးဂိတ်မရောက်ခင် ရွှေညောင်ပင် ကားရေးဆေးတဲ့ နေရာမှာ သူတို့ကိုတွေ့လို့ နောင်ချိုဆေးရုံကို ပို့ရပါတယ်။ အားလုံး ၃ ယောက်ပါ။ သူတို့ရဲ့ ဆေးစစ်အဖြေက Positive ဖြစ်လို့ သွားခေါ်တဲ့သူတွေလည်း PPE ဝတ်စုံ တွေ အပြည့်အစုံဝတ်ပြီး လုပ်ဆောင်ရပါတယ်” ဟု နောင်ချိုမြို့နယ်အခြေစိုက် ဖြူစင်မေတ္တာလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးချိုတူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နေ ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့သည် အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မူဆယ် ကျင်စန်းကျော့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရမီ ၎င်းတို့သဘောဖြင့် မူဆယ်မှ မန္တလေးသို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါတ်ခွဲအဖြေ တွေ့ရှိချက်အရ ၎င်းတို့ ၃ ဦးတွင် COVID-19 Positve တွေ့ရှိသည့်အတွက် သက်ဆိုင်ရာမှ သတင်း ပေးပို့ချက်အရ ယင်းကုန်တင်ယာဉ် ၂ စီးအား နောင်ချိုမြို့မှ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း ရှာဖွေခဲ့ရာ ည ၁၀ နာရီခန့်က နောင်ချိုမြို့အဝင် တိုးလ်ဂိတ်အနီး ဂုတ်တွင်း-ရွှေညောင်ပင်စခန်း ကားရေးဆေးသည့် နေရာတွင် တွေ့ရှိသဖြင့် နောင်ချိုဆေးရုံရှီ သီးသန့်ဆောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About