.
အဆိုပါ ပိုးတွေ့လူနာများမှာ အသက် ၂၀ နှစ်အရွယ် အမျိုးသားနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပြီး အခြား အမျိုးသား ၁ ဦး (ပေါင်း ၃ ဦး) နှင့်အတူ ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ Honda Fit ယာဉ်ဖြင့် လာရောက်စဉ် နန့်ပန်တက် ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် စစ်ဆေးမှု ခံယူရာ အမျိုးသား ၂ ဦးတွင် COVID-19 ပိုးတွေ့၍ ကျန် ၁ ဦးတွင် ပိုး မတွေ့ အဖြေ ရရှိခဲ့ခြင်း ဖြစ်သည်။
.
၎င်းတို့သည် ရန်ကုန်မြို့ နေသူများဖြစ်ကာ ပိုးတွေ့သူများအား ကလောဆေးရုံသို့ ပို့ဆောင်ထားပြီး ပိုး မတွေ့သူအား Quarantine Center ၌ ထားရှိမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment