မင်းဇော်မင်း
.
ကလောမြို့၊ အထက(၂)တွင် ဖွင့်လှစ်သည့် အထူးရဲသင်တန်းမှ သင်တန်းသား ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် ၄င်းတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် တပ်ဖွဲ့ဝင်များအား Rapid Test Kit ဖြင့် အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
" ပိုးတွေ့ အထူးရဲသင်တန်းသား ၂ ဦး နေရာကိုလည်း အစားထိုး ရွေးချယ် ထားပြီးပါပြီ။ တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ အထူးရဲ ၁၃ ဦးတို့ကို စစ်တာပါ၊ အားလုံး Negative ပါ။ " ဟု ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့၊ အထက(၂)တွင် ဖွင့်လှစ်ခဲ့သည့် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းမှ သင်တန်းသား ၁၄၁ ဦးကို အောက်တိုဘာ ၉ ရက်က Rapid Test Kit ဖြင့် စစ်ဆေးရာ သင်တန်းသား ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းတို့နှင့် ထိတွေ့မှု ရှိသည့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး၊ အထူးရဲသင်တန်းသား ၁၃ ဦး၊ စုစုပေါင်း ၂၇ ဦးနှင့် ကျောင်းစောင့် ၁ ဦးတို့ကို Quarantine ထားရှိပြီးနောက် ဓါတ်ခွဲ နမူနာအား စစ်ဆေးရာ ပိုး မတွေ့ အဖြေ ရရှိခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment