မိုင်းထွန်း
.
ကျောက်မဲမြို့နယ် အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲရုံ လုံခြုံရေး အဖြစ် တာဝန် ထမ်းဆောင် ကြမည့် အထူးရဲအချို့အား COVID-19 စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
မဲရုံ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား အောက်တိုဘာလ ၁၂ ရက်က RDT Antigen Test ဖြင့် ကျောက်မဲမြို့မရဲစခန်း၌ COVID-19 စစ်ဆေးရာတွင် တပ်ဖွဲ့ဝင် ၁၀၀ ဦးကိုသာ စစ်ဆေးနိုင်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားနေသည့် ပုံဝိုးနယ်မြေရဲစခန်းမှ အထူးရဲ ၁၁ ဦးကို စစ်ဆေးနိုင်မှု မရှိခြင်း ဖြစ်သည်။
.
ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများအား COVID-19 ပိုး ရှိ/မရှိ စစ်ဆေး ပေးနေခြင်း ဖြစ်ပြီး ပုံဝိုးနယ်မြေရဲစခန်းရှိ အထူးရဲ ၁၁ ဦးမှအပ ကျန်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား စစ်ဆေးပေးပြီး ဖြစ်ကာ ၎င်းတို့တွင် ပိုး မတွေ့ကြောင်း သိရသည်။
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌ မဲရုံ ၁၁၁ ခု ထားရှိရန် လျာထားပြီး လုံခြုံရေးအဖြစ် အထူးရဲတပ်ဖွဲ့ဝင် ၁၁၁ ဦးကို တာဝန်ပေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment